နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ...

Post on 22-Dec-2015

11 Views

Category:

Documents

4 Downloads

Preview:

Click to see full reader

DESCRIPTION

လက်ရှိအခြေအနေအကျဉ်းချုပ်မတ်လကုန်မှစ၍ နိုင်ငံရေးအကျဉ်းသား ၁၇၃ ဦး အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံနေရပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၃၁၆ ဦး တို့တရားရင်ဆိုင်နေရပါသည်။ အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို ပြဌာန်းရန် ၎င်းတို့၏တာဝန်အား ဆက်လက်ပျက်ကွက်လျက်ရှိပြီး ထိုသို့ပြုလုပ်ရမည့်အစား နိုင်ငံသားတို့၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ သတင်းမီဒီယာများကို ဖိနှိပ်ခြင်းနှင့် ဆန့်ကျင်ဆန္ဒပြသည့် မည့်သည့်ပုံစံမျိုးကိုမဆို အကြမ်းဖက်ဖြိုခွဲခြင်းများ ပြုလုပ်ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ အောက်ပါနိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ်အစီရင်ခံစာသည် မတ်လအတွင်းရှိ နိုင်ငံရေးအကျဉ်းသား အရေအတွက်နှင့် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ ဖြိုခွင်းမှုနှင့် စပ်လျဉ်းပြီး များစွာသော ကျောင်းသားများနှင့် ထောက်ခံသူများ ဖမ်းဆီးခံရသည့် အရေအတွက်ကိုပါ သီးခြားဖော်ပြထားသည့် လက်ပံတန်းမြို့ရှိ ကျောင်းသားများ ဆန္ဒပြမှုနှင့် ပတ်သက်သည့် အဖြစ်အပျက်များကိုပါ မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ တစ်လအတွင်း သုံးသပ်ချက်ယခုလတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ ဦး တရားစွဲဆိုခံခဲ့ရပြီး၊ ၎င်းတို့ထဲမှ ၃၁ ဦးသည် ဖမ်းဆီးခံခဲ့ရကာ၊ အကျဉ်းထောင်များအတွင်းမှ တရားရင်ဆိုင်နေရပါသည်။ ထို့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၇ ဦး ထောင်ဒဏ်များ ချမှတ်ခြင်း ခံခဲ့ရပြီး၊ ၃ ဦး အကျဉ်းထောင်များမှ ပြန်လည် လွတ်မြောက်ခဲ့ပါသည်။ ရန်ကုန်မြို့ စက်မှုဇုံတွင်းရှိ စက်ရုံများဖြစ်ကြသော Ford Glory၊ Eland Myanmar၊ Costec နှင့် Red Stone မှ ထောင်ပေါင်းများစွာသော အလုပ်သမားတို့သည် စက်ရုံ၏ အခြေအနေများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ပိုမိုကောင်းမွန်သော လစာရရှိရန် တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။ မတ်လ ၅ ရက်နေ့တွင် ထိုဆန္ဒပြပွဲများအား ရဲများမှ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒပြအလုပ်သမား ၂၁ ဦး ထမ်မံဖမ်းဆီးခံခဲ့ရပြီး၊ အကယ်၍ ထောင်ဒဏ် များ ချမှတ်ပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ဆူပူလှုံ့ ဆော်မှုနှင့် ဆန္ဒပြပွဲဖြစ်ရန် ဦးဆောင်မှုတို့ဖြင့် ထိုသူတို့သည် တရားရင် ဆိုင်နေရပါသည်။ ထို့အပြင် သတင်းထောက် ၂ ဦး အလုပ်သမားတို့ နှင့်အတူ ဖမ်းဆီးခံခဲ့ရသော်လည်း ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရ ပါသည်။ တက္ကသိုလ်များထက် အစိုးရမှ ပိုမိုချုပ်ကိုင်ခွင့်ရှိသည့် အမျိုးသား ပညာရေး ဥပဒေအား ကျောင်းသားများမှ ဆန့်ကျင်ဆန္ဒပြမှု မတ်လတွင်လည်း ထပ်မံဖြစ်ပေါ်ခဲ့ပါသည်။ ဆန္ဒပြကျောင်းသားများသည် လက်ပံတန်းတွင် ၁ ပတ်အကြာ ပိတ်ဆို့ခံရပြီးနောက်၊ ကနဦးတွင် ဒေသခံအာဏာပိုင်များနှင့် သဘောတူညီမှု ရရှိထားသည့်အတွက် ရန်ကုန်သို့ စတင်ချီတက်ရန် မတ်လ ၁၀ ရက်နေ့တွင် ကျောင်းသားများမှ စုရုံးခဲ့ပါသည်။ သို့သော်လည်း ရဲများ၊ လုံခြုံရေးအင်အားစုများနှင့် အာဏာပိုင် လက်ကိုင်တုတ် အရပ်ဝတ်များ၏ ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲခြင်းကို ခံလိုက်ရပါသည်။ ရဲများသည် ဆန္ဒပြသူတို့၏ နောက်မှလိုက်ဖမ်းကာ အိမ်များ၊ ဘုန်းကြီးကျောင်းများမှ ဆွဲချ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂ စုကွဲပြီး ရဲအုပ်စု တစ်စုသည် ဆန္ဒပြနေသူများအား လူမဆန်စွာ ရိုက်နှက်နေသည့် နောက်ထပ်ရဲအုပ်စု တစ်စုအား ထိန်းချုပ်ရန် ကြိုးစားနေ ခြင်းကြောင့် “ရဲလုပ်ထုံးလုပ်နည်း လုံးဝချိုးဖေါက်နေသည့်” အကြမ်းဖက်ဖြို ခွဲမှု ဖြစ်နေကြောင်း ဧရာဝတီ သတင်းထောက်မှ ရှင်းလင်း ပြောကြားသွား ပါသည်။ ကျောင်းသားအုပ်စုအား ဖြိုခွင်းရာတွင် ရဲများအား ကူညီပေးရန် အတွက် အနီလက်ပတ်ဝတ်ထားသူ အရပ်ဝတ်များကို ရဲများမှ အသုံးပြုခဲ့ ကြောင်းလည်း စွပ်စွဲပြောဆိုကြပါသည်။ ထိုကျောင်းသား ဆန္ဒပြမှုအားဖြိုခွဲမှုမှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသူ၊ ကျောင်းသားနှင့် အရပ်သား စုစုပေါင်း ၁၃၃ ဦးဖမ်းဆီးခံခဲ့ရပြီး၊ ထိုဖမ်းဆီးခံရသူများထဲမှ ၆၃ ဦးသည် ပြန်လည် လွတ်မြောက်ခဲ့သော်လည်း ၇၀ ဦးတို့သည် အကျဉ်းထောင်များ အတွင်း ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရပါသည်။ ထိုအကြမ်းဖက်ဖြိုခွဲမှုအား ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့များဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီး၊ လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee နှင့်ALTSEAN နှင့်လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့ပေါင်း ၁၃၀ တို့မှ ဝေဖန် ဆန့်ကျင်လိုက်သော်လည်း သမ္မတဦးသိန်းစိန်မှ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်း ခန်းတွင်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ ကို ကျော်လွန်ပြီး မလုပ်ကြောင်း၊ ဆန္ဒပြ ကျောင်းသားများကတိုက်ခိုက်လာမှသာ ကျောင်းသားများအား ပြန်လည်ရိုက်နှက်ခြင်းဖြစ်ကြောင်း ဖြေဆိုသွားခဲ့ပါသည်။ ထိုအဖြစ်အပျက်အား ပြန်လည်တုန့်ပြန်သည့်အနေဖြင့် နိုင်ငံသားများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်များ ရှိသည်ကို သိရှိစေရန်နှင့် အကြမ်းဖက် ဖြိုခွင်းမှုအား ဆန့်ကျင် ဆန္ဒပြရန် အဖြူရောင် လက်ပတ်များ ပတ်ပေးသည့် လှုံ့ဆော်မှုတစ်ခုကို ကျောင်းသားများနှင့် ၎င်းတို့အား ထောက်ခံသူများမှ

TRANSCRIPT

၀ဿ၅ ခႏစ၊ မတလ၊

မာတကာ တစလအတွငး သးသပခက ထနးသမးခရခြငးမား ထောငဒဏခမတခရခြငးမား ထောငမ လွတမြောကမှုမား ထောငတွငး အခြေအနေမား နငငရေးနင နငငသားတ့၏ လွတလပခွငအပေါ်တားမြစခြငးမားနင

ဆန္ဒထတဖောမှုမား၊ နငငရေးအကဥးသားဟောငးမားအပေါ် ကန့သတတားမြစခကမား မြေယာသမးဆညးမှုမား အရေးပါသော နငငတကာဆငရာ တးတကမှုမား နဂးခပနင သးသပခက Links

လကရအခြေအနေ အကဥးခပ

၆ Ms. Yanghee Lee

တစလအတွငး သးသပခက

ထောငမလွတမြောကမှုမား

၈၈ ၈၈ ၆ ၆ ၆

နဂးခပနငသးသပခက

+၆၆ ၈ ၈ ၈ +၆၆ ၈ ၆ ၈

အရေးပါသည ဆကစပသတငးမား ဖတရန Links

၆ ( )

၆ ၈

၆ Global Witness ၈ ၈ ၈

top related