အမြဲ - eff.org · pdf fileအမြဲတစေ ... ဥပမာ...

Post on 07-Feb-2018

232 Views

Category:

Documents

8 Downloads

Preview:

Click to see full reader

TRANSCRIPT

သင့်ဆိုဒ်အား အမြဲ

သက်ဝင်လှုပ်ရှားစေပါ။

EFF’s Guide to Keeping Your Site Alive

သင့်ဆိုဒ်အား အမြဲ သက်ဝင်လှုပ်ရှားစေပါ။ ................3မူပိုင်ဝက်ဘ်ဆိုဒ်တစ်ခု ရွေးချယ်ခြင်း ........................3အရန်များ .........................................................6 မူပိုင်ရှိသည့်အင်တာနက်ဝန်ဆောင်မှုများ ..............7 မျှဝေလက်ခံခြင်း .......................................... 15ထင်ဟပ်ပြသမှုများ ........................................... 23

www.eff.org/keeping-your-site-aliveAcknowledgements: Jillian York, Eva Galperin, Maira Sutton, Hugh D’Andrade, Micah Lee, Marek Tuszyski, Mathilde Baker, Christoph Kellner, Alexandre Isert, Benjamin Bayer, Stella Stocker

Creative Commons Attribution 3.0 license

3

သင့်ဆိုဒ်အား အမြဲ သက်ဝင်လှုပ်ရှားစေပါ။အင်တာနက်လိုင်း အသုံးပြုမှု ရပ်ဆိုင်းသွားခြင်း (DoS) နှင့် ဖြန့်ဖြူးပေးသည့် အင်တာနက်လိုင်း အသုံးပြုမှု ရပ်ဆိုင်းသွားခြင်း (DDoS) စသည့် တိုက်ခိုက်မှုများမှာ အထူးကျယ်ပြန့်လာနေသည့် အင်တာနက်ဆိုင်ရာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည်၊ ယင်းတိုက်ခိုက်မှုများကို စီစဉ်ဆောင်ရွက်သူ အမျိုးမျိုးရှိပြီး၊ ဝက်ဘ်ဆိုဒ်တစ်ခုကို ၎င်း၏ ပုံမှန်လုပ်ဆောင်နေသည့် အခြေအနေကို ရပ်တန့်သွားအောင်လုပ်ဆောင်မှုများ ရှိနိုင်ပြီး ထိုလုပ်ဆောင် မှုများကို လှုပ်ရှားပြောင်းလဲရေးဝါဒီများသာမက အစိုးရများအထိ၊ ယာယီအခြေအနေ သို့မဟုတ် အဆုံးမရှိ အခြေအနေထိတိုင်အောင် တိုက်ခိုက်နိုင်သည့်အခြေအနေရှိပါသည်။ မကြာခဏဆိုသလိုပင်၊ ယင်းတိုက်ခိုက် မှုများသည် အင်တာနက်ဆာဗာများကို တောင်းခံနေတတ်ပြီး ဤသို့ဖြစ်ရခြင်းမှာ ထိုအင်တာနက် စာမျက်နှာ တစ်ပြင်လုံးကို ဖုံးလွမ်းသွားစေရန်ရည်ရွယ်ခြင်းဖြစ်ကာ၊ ဆာဗာလုပ်ရှားမှုမှာလည်း ပျောက်ကွယ်သွားသည် သာမက တရားဝင်ဝက်ဘ်ဆိုဒ် စာမျက်နှာများ အလိုအလျောက်တုန့်ပြန်မှု မပြုနိုင်ပဲ ဖြစ်နေတတ်ပါသည်။

သို့သော်လည်း အဓိကကျသည့် ဝက်ဘ်ဆိုဒ်ပိုင်ရှင်များအတွက် ကာကွယ်တားဆီးနိုင်သည့် ထူးခြားအရင်း အမြစ်များ သို့မဟုတ် သေးငယ်သော ဝက်ဘ်ဆိုဒ်တိုက်ခိုက်မှုများကို မကြာခဏကာကွယ်နိုင်သည်၊ ဥပမာအားဖြင့် သီးခြားလွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုဒ်များ သို့မဟုတ် လူ့အခွင့်အရေးအဖွဲ့အစည်းများ စသည်တို့မှာ ၎င်းတို့၏ မူလအရင်းအမြစ် သို့မဟုတ် ဗဟုသုတအားနည်းမှု မရှိမှုတို့ကြောင့် တစ်ခါတစ်ရံ အမြဲတစေ အလုပ်မလုပ်ပဲရပ်တန့်သွားတတ်ပါသည်။

ဤလမ်းညွန်ချက်၏ အဓိကရည်ရွယ်ချက်မှာ ယင်းသို့သော ဝက်ဘ်ဆိုဒ်ပိုင်ရှင်များကို အထောက်အကူပြုနိုင် ရန်ဖြစ်ပြီး ၎င်းတို့ကို သင့်လျော်သည့် ဝက်ဘ်ဆိုဒ်စာမျက်နှာများ ရွေးချယ်တတ်ရန်အတွက် အကြံအဥာဏ်များ ပေးအပ်ခြင်း၊ ထိုနည်းတူ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်များကို ထင်ဟပ်ပြသပြီး ယင်းဝက်ဘ်ဆိုဒ်များကို အရန်အဖြစ် ကူးယူထားရန် လမ်းညွန်ပေးရန်ဖြစ်သည်၊ သို့မှသာလျှင် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်များကို ပါဝင်သည့် အကြောင်းအရာများကို DoS or DDoS တို့၏ ထိုးနှက်တိုက်ခိုက်မှုများရှိနေလင့်ကစား ကြိုက်သည့်နေရာ တွင် အချိန်မရွေးဝင်ရှာနိုင်မည်ဖြစ်သည်။

မူပိုင်ဝက်ဘ်ဆိုဒ်တစ်ခု ရွေးချယ်ခြင်းအင်တာနက် ဝက်ဘ်ဆိုဒ်မူပိုင်ပြုလုပ်နည်း သုံး မျိုး သုံး စားရှိပြီး သင် ရွေးချယ်နိုင်ပါသည်-

မူပိုင်ရှိသည့် အင်တာနက်ဝန်ဆောင်မှုများ မှာ ဝက်ဘ်ဆိုဒ် မူလနေရာများဖြစ်ကာ ယင်းတို့သည် သင့်အား အကောက်အသစ်ဖန်တီးရန် နှင့် အကြောင်းအရာများထည့်သွင်းရန် ခွင့်ပြုနိုင်ပါသည်၊ ဤသို့လုပ်ဆောင်မှုသည် အင်တာနက်ဝန်ဆောင်မှုအတွက်ဖြစ်ကာ ဘလော့ဂါ နှင့် စာပုံနှိပ်မှု အတွက်လည်းအကြုံးဝင်သည်။

4

ဝေမျှသုံးစွဲရပြီး မူပိုင်ရှိသောအဓိက ပံ့ပိုးပေးသည့်စနစ် များမှာ ကုမ္မဏီများဖြစ်ကာ ၎င်းကုမ္မဏီများက ဆာဗာများမှ လက်ခံ သည့် ဝက်ဘ်ဆိုဒ်များအား ပြန်လည်ရောင်းချ ပေးသည်၊ အထူးသဖြင့် ဝယ်သူများ၏ ဝက်ဆိုဒ်များကို မူပိုင်ယူထားသော ဝက်ဘ်ဆိုဒ်များဖြစ်ပြီး အများအားဖြင့် သင့်အတွက် ထိန်းချုပ်မှု ပေးသော ဆော့ဖ်ဝဲများလည်း စီမံပေးထားပါသည် ဥပမာ အားဖြင့် cPanel မျိုးဖြစ်သည်။ ဝေမျှသုံးစွဲရသည့် မူပိုင်ရှိသော ပံ့ပိုးပေးသည့်စနစ်ကို သင် အသုံးပြုမည်ဆိုပါက၊သင်ကိုယ်တိုင် မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ် ကိုအင်စတောလုပ်တပ်ဆင်ကာ သီးသန့်စီစဉ် ထားရှိရန် လိုအပ်ပေလိမ့်မည်၊ သို့သော် ဝေမျှ သုံးစွဲပြီး မူပိုင် ရှိသော ပံ့ပိုးပေးသည့် စနစ်က ဝက်ဘ်ဆိုဒ် ဆာဗာများကို သင့်အတွက် ထိန်းချုပ်မောင်းနှင်ပေးပါလိမ့်မည်။ ဤ စနစ်မျိုး၌ ပါဝင်ဆောင်ရွက်သည့်ကုမ္မဏီများမှာ Dreamhost နှင့် Bluehost စသည့်ကုမ္မဏီများ ဖြစ်သည်။

နောက်ဆုံးတွင်၊ ကိုယ်ပိုင်စီစဉ်ဖန်တီးသည့် အင်တာနက်ဆာဗာများမှာ သင့်ကိုယ်ပိုင်အတွက် အလုပ်လုပ်သည့် ဆာဗာများဖြစ်သည်။ ဤအမျိုးအစားတွင် အချက်အလက်ဌာနများရှိ ကိုယ်ပိုင်စင်စစ်နီးပါ ဆာဗာများ (VPS) နှင့် ရုပ်ပိုင်းဆိုင်ရာဆာဗာများတို့ ပါဝင်သည်။ ကိုယ်ပိုင်စီစဉ်ဖန်တီးရသည့် အင်တာနက်ဆာဗာများသည် မကြာခဏဆိုသလို အထူးအသေးစိပ်ကျပြီး တိကျသောဝက်ဘ်ဆိုဒ်များလိုအပ်သည့် အဖွဲ့အစည်းများအတွက် အကောင်းဆုံးသော ပြသနာဖြေရှင်းသည့်အဖြေတစ်ခုဖြစ်ပါသည်၊ သို့သော်လည်း ယင်းတို့မှာလည်း စနစ် ဖွဲ့စည်းပုံ ကိုကြီးကြပ်ကွပ်ကဲမှု နှင့် ဝက်ဘ်ဆိုဒ်စာမျက်နှာ ကိုင်တွယ်ထိန်းသိမ်းသူများ လိုအပ်တတ်ပါသည်။

ကိုယ်ပိုင်စီစဉ်ဖန်တီးသည့် အင်တာနက်ဆာဗာများ DDOS တိုက်ခိုက်မှုများမှ ကာကွယ်ခြင်းဆိုသည်မှာ အကြောင်းကိစ္စရပ် တစ်ခုဖြစ်ပြီး ဤ လမ်းညွှန်မှု နယ်ပယ် အတိုင်းအတာ၏ ပြင်ပသို့ ကျရောက်နေပါသည်။

မူပိုင်ဝက်ဘ်ဆိုဒ် အမျိုးအစား တစ်ခုချင်းစီတိုင်းတွင် အကျိုးကျေးဇူးများနှင့် အားနည်းချက်များ ရှိသည်။

မူပိုင်ရှိသည့် အင်တာနက်ဝန်ဆောင်မှုများ

အကျိုးကျေးဇူးများလွယ်ကူသည်။ ရုံးတွင်း အမြဲတမ်းနည်းပညာ ကျွမ်း ကျင်ဝန်ထမ်း မလိုအပ်ပါ။

• အခမဲ့လည်းဖြစ်သည်။

• မူပိုင်အင်တာနက်ဝန်ဆောင်မှု ပြုလုပ်ပေးသည့် ကုမ္မဏီအကြီးစားများမှာ ယေဘုယျအားဖြင့် တည်ငြိမ်ပြီး လုံခြုံစိတ်ချရသည့် ဆာဗာများရှိပြီး ၎င်းတို့သည် DDoS တိုက်ခိုက်မှုများကိုလည်း ဒဏ်ခံကာကွယ်ပေးနိုင်သည့် အစွမ်းလည်းရှိသည်။

• ပြုပြင်မွမ်းမံခြင်း၊ လုံခြုံစိတ်ချမှုရှိရေး၊ နှင့် DDoS ခုခံကာကွယ်ခြင်းများသည် မူလစီစဉ်ဆောင်ရွက်သူ၏ လုပ်ငန်းတာဝန်ဖြစ်သည် (သို့သော်လည်း သင့် ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်အား ကာကွယ်တားဆီးရန် အတွက် လုံလောက်သည့် လျှို့ဝှက်သင်္ကေတ ပတ်စ်ဝေါ့ လိုအပ်နေဆဲဖြစ်သည်)။

5

အားနည်းချက်များ• မူပိုင်ရှိသည့် အင်တာနက်ဝန်ဆောင်မှုများတွင် မကြာခဏဆိုသကဲ့သို့

သင်၏ အင်တာနက်ဆိုဒ် အတွက် အကျိုးမပြုသည့် ပါဝင်မှုပမာဏဆိုင်ရာ မူဝါဒများရှိသည်။

• သင်က မည်သည့် အဓိကအကြောင်းအရာများနှင့် ဆော့ဖ်ဝဲအပိုများ အသုံးပြုမည် ဆိုသည့်အပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ်သာရှိသည်။

• အကယ်၍ သင့်ဝက်ဘ်ဆိုဒ်တွင် ဘလော့ဂ် တင်ခြင်းနှင့် ဘလော့ဂ်စာမျက်နှာများထက် ပိုမိုရှုပ်ထွေးသော ပါဝင်မှုအမျိုးအစားများရှိရန် လိုအပ်ပါက မူပိုင်ရှိသည့်အင်တာနက်ဝန်ဆောင်မှုများက သင့်အတွက် လုပ်ဆောင်ပေးမည်မဟုတ်ပေ။ တပ်ဆင်ရန်အတွက် နည်းပညာကျွမ်းကျင်မှုလိုအပ်သည့် အဆင့်။ နိမ့်။ သင်သည် Facebook ကို အသုံးပြုနိုင်ပါက မူပိုင်ရှိသည့်အင်တာနက်ဝန်ဆောင်မှုကိုအသုံးပြုနိုင်သည်။ DDOS ကို ကိုင်တွယ်ဖြေရှင်းပုံ။ သင့်တွင် မည်သည့် ထိန်း ချုပ်နိုင်စွမ်းမျှ မရှိပေ။ သို့သော် သင့်အား ၀န်ဆောင်မှု ပေးသူက အကူအညီပေးသင့်သည်။ ဥပမာ။ Blogger, Wordpress.com, Maktoob, LiveJournal, Tumblr, Posterous

မျှဝေလက်ခံမှုပေးသူများ

အကျိုးကျေးဇူးများ• တိုက်ဖျက်ချေမှုန်းမှု စီမံခန့်ခွဲစနစ် CMS ကို တပ်ဆင်ပြီးနောက်

အလိုအလျှောက် အရန်ပရိုဂရမ်နှင့် လုံခြုံမှုဆော့ဖ်ဝဲအပိုများ သို့မဟုတ် သင့်ဆိုဒ်တစ်ခုတည်းအတွက် အထူးဆော့ဖ်ဝဲ အပိုများတို့ အပါအ၀င် သင်လိုအပ်သည့် မည်သည့် အဓိကအကြောင်းအရာများ (သို့) ဆော့ဖ်ဝဲအပိုများ မဆို တပ်ဆင်နိုင်သည်။

• မျှဝေသုံးစွဲသည့် မူပိုင်အင်တာနက် ပံ့ပိုးပေးသူသည် အင်တာနက်ဆာဗာကို ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရမည့် တာဝန်ရှိသည်။

အားနည်းချက်များ• ငွေကြေးကုန်ကျသည်။ (တစ်လလျှင် ၁၀ဒေါ်လာခန့်)

• သင်၏ CMS နှင့် ဆော့ဖ်ဝဲအပိုများ အသစ်ဖြစ်နေစေ ရန် သင့်ကိုယ်တိုင်တွင် တာဝန်ရှိသည်။ သက်တမ်း လွန်သွားသည့် ဆော့ဖ်ဝဲအပိုများကြောင့် သင်၏ အင်တာနက်စာမျက်နှာကို နှောင့်ယှက်မှု ခံရနိုင်သည်။

• သင်သည် အခြားသော အင်တာနက် စာမျက်နှာများနှင့်

6

ဆာဗာမျှဝေသုံးစွဲသည့်အတွက် အခြားသူများ၏ လုံခြုံရေး ပြဿနာများသည် သင့်အင်တာနက် စာမျက်နှာအား ထိခိုက်နိုင်သည်။ တပ်ဆင်ရန်အတွက် နည်းပညာကျွမ်းကျင်မှု လိုအပ်သည့် အဆင့်။ အလယ်အလတ်။ သင့်အား လက်ခံသူ၏ control panel ကို မည်သို့ လမ်းကြောင်းလိုက်ရမည်ကို သိရန် လိုအပ်သည်။ FTP/SFTP/SSH ဆော့ဖ်ဝဲများကိုသုံးပါ။ CMS ကိုလည်းတပ်ဆင်ကာ ဖွဲ့စည်းစီစဉ်ထားပါ။

DDOS ကို ကိုင်တွယ်ပုံသင်၏ CMS တွင် ၀ှက်ကွယ်မှု (cache) ကို သေချာစွာ အသုံးပြုပါ။ အကယ်၍သင်သည် Wordpress ကို သုံးပါက WP အထူး Cache ဆော့ဖ်ဝဲအပိုကို သုံးရန် EFF က အကြံပြု ထောက်ခံသည်။ Drupal တွင် ရှိရင်းစွဲ Cache ရှိသည်။ ဤသည်မှာ ပမာဏကြီးမားသည့် ကူးလူးသွားလာခြင်းကို ကိုင်တွယ်ရန်အတွက် ဖြစ်သည်။

DDOSed ဖြစ်ပါက သင့်အား မျှဝေလက်ခံမှု ပေးသူက သင်၏ အင်တာနက် စာမျက်နှာကို ထိန်းသိမ်းထားပေးနိုင်ကောင်း ပေးနိုင်သည်။

ဥပမာ။ Dreamhost, Go Daddy, Yahoo, Host Gator, Bluehost, Just Host, iPage, FatCow

ကိုယ်ပိုင်စီစဉ်ဖန်တီးသည့်အင်တာနက်ဆာဗာများ

အကျိုးကျေးဇူးများ• သင်၏ အင်တာနက်စာမျက်နှာကို သင်ကြိုက် နှစ်သက်သလို တိကျစွာ

ဖွဲ့စည်းနိုင်သည်။

• သင့်တွင် နည်းပညာကျွမ်းကျင်မှုရှိပါက Varnish သို့မဟုတ် Squid တို့ကဲ့သို့ သတ်သတ် မှတ်မှတ်ဖြစ်သည့် ကိုယ်စား proxy ကို အသုံးပြုနိုင်သည်။

• သင့်တွင် နည်းပညာကျွမ်းကျင်မှုရှိပါက အင်တာနက် ဆာဗာ အများကြီးထဲရှိ သင့် အင်တာနက် နှုန်းကို ဖြန့်ဖြူးပေးသည့် ၀န်မျှပေးသည့် အရာတစ်ခုကို တည်ဆောက်နိုင်သည်။ Facebook, Google နှင့် Amazon တို့ကဲ့သို့ သုံးသူအလွန်ထူထပ် သည့် ကြီးမားသော ၀က်ဘ်ဆိုဒ်များအနေဖြင့် သုံးသူပမာဏ ထူထပ်နေစဉ်တွင်ပင် အသုံးပြုမှု အဆင်ပြေချောမွေ့နေစေရန် စီမံခြင်းဖြစ်သည်။

အားနည်းချက်များ• ပြုပြင်ရန်အတွက် ကျွမ်းကျင်သည့် စနစ်စီမံ အုပ်ချုပ်ရေးမှူးများ (SysAd-

min) နှင့် ကောင်းမွန်အောင် ပြုပြင်သူများလိုအပ်သည်။

• မျှဝေလက်ခံခြင်း shared hosting ထက် ပိုမို၍ ကုန်ကျစရိန်များသည်။

7

• တပ်ဆင်ရန်အတွက် နည်းပညာကျွမ်းကျင်မှုလိုအပ်သည့် အဆင့်။ မြင့်မား။ ကျွမ်းကျင်သူ စနစ်စီမံအုပ်ချုပ်သူတစ်ဦးနှင့် CMSကို မည်သို့တပ်ဆင်စီစဉ်ဖွဲ့စည်းရမည်ကို သိရှိသူ တစ်ဦး ရှိရန်လိုအပ်သည်။ ဥပမာ။ Amazon EC2, Slicehost, datacenter

အရန်များDDoS သို့မဟုတ် အခြားသောတိုက်ခိုက်မှုများအတွက် ပြင်ဆင်ထားရမည့် နည်းလမ်းတစ်ခုမှာ သင့် ဝက်ဘ်ဆိုဒ်တွင် ပါဝင်နေသည့် အကြောင်းအရာများကို အချိန်မှန်မှန် အရန်အဖြစ်ကူးယူသွားရန် လိုအပ်သည် ဤသို့ဖြင့် ထိုပါဝင်သည့် အကြောင်းအရာများကို သင်ပြန်လည်သိမ်းဆည်းထားနိုင်သည် သို့မဟုတ် အခြား စနစ် တစ်ခုထဲသို့ ပို့ဆောင်ထည့်သွင်းနိုင်သည် ထို့ကြောင့် သင့် ဝက်ဘ်ဆိုဒ် မူပိုင်ပြုလုပ်ခြင်း အားဖြင့် သင့်အတွက် ကာကွယ်ပေးမှု ကျရှုံးရခြင်းအခြေအနေမျိုးမှ ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ အရန်ကူးယူထားရန်အတွက် ပြန်လည်သိမ်းဆည်းသည့် လုပ်ငန်းမှာ အထူးများပြားတတ်ပါသည်၊ သို့သော် ဤသို့လုပ်ဆောင်ရခြင်းသည် ပါဝင်နေသည့် သင့် အကြောင်းအရာများအားလုံး ဆုံးရှုံးသွားရခြင်းမျိုးထက် ပို၍ကောင်းမွန်လှပါသည်။

မူပိုင်ရှိသည့်အင်တာနက်ဝန်ဆောင်မှု တစ်ခုအပေါ်တွင် သင့်ဝက်ဘ်ဆိုဒ်ကို အရန် ပြုလုပ်ရန် သင့်စာမျက်နှာများ၊ တင်ထားသောစာများနှင့် ထင်မြင်သုံးသပ်ချက်များအားလုံးကို XML ဖိုင်တစ်ခုထဲသို့ ပို့လိုက်ပါ။ ထိုသို့ပြုလုပ်ထားခြင်းသည် သင့်ဝက်ဘ်ဆိုဒ်ရှိ စာသားများကိုသာ အရန်ပြုလုပ်ပေးခြင်းမျှသာ ဖြစ်သည်။ သင်တင်ထားသည့် ဓါတ်ပုံများကဲ့သို့သော အခြားသော ပါဝင်သည့်အရာများ ဤအရန်တွင် မပါဝင်ပေ။ သင်တင်ထားသည့် ဓါတ်ပုံများအားလုံး အရန်တွင် ပါဝင်စေရန် သင့်ဆိုဒ်အား ထင်ဟပ်ပြသခြင်းပြုလုပ်ထားခြင်းသည် အလွယ်ကူဆုံးဖြစ်သည်။

သင်သည် မျှဝေလက်ခံသည့် အင်တာနက်ဝန်ဆေင်မှုကိုအသုံးပြုစဉ် သို့မဟုတ် သင့်ကိုယ်ပိုင်ဆာဗာတွင် စီမံခြင်းကို ပြုလုပ်စဉ် သင့်ဝက်ဘ်ဆိုဒ်ကို အရန် ပြုလုပ်ရန် သင့်ဝက်ဘ်ဆိုဒ် တွင်ရှိသည့် ဖိုင်များအားလုံးကို ကူးယူပြီး သင့်ဝက်ဘ်ဆိုဒ် ၏ database ကို snapshot အဖြစ် ပုံရိုက်ကူး၍ သိမ်းဆည်းထားပါ။

သင်သည် ကိုယ်ပိုင် ၀က်ဘ်ဆာဗာ ကိုသုံးပါက သီးခြား ဆာဗာတစ်ခုတွင် အလိုအလျှောက်အရန်တစ်ခု ထည့်ထား သင့်သည်။ ssh, scp, mysqldump နှင့် crontab တို့သည် အသုံးဝင်သည်။ အလိုအလျှောက်အရန်ပြုလုပ်ပုံ အဆင့်ဆင့်သည် ဤလမ်းညွှန်ချက်တွင် မပါဝင်ပါ။

အရန်များ - မူပိုင်ရှိသည့်အင်တာနက်ဝန်ဆောင်မှုများသင့်ဝက်ဘ်ဆိုဒ်အား တိုက်ခိုက်လာမှုများနှင့် သင်ထည့်သွင်းထားသော အကြောင်းအရာများ အလိုအလျောက် ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်ရန် သင်ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ကာ အရန်အဖြစ် ကူးယူထား ခြင်းအလုပ်ကို သင်အချိန်မှန်လုပ်ဆောင်ပေးရမည်၊ ထိုပါဝင်သည့် အကြောင်းအရာများကို သင်ပြန်လည် သိမ်းဆည်းထားနိုင်သည် အခြား စနစ် တစ်ခုထဲသို့

8

ပို့ဆောင်ထည့်သွင်း ခြင်းအားဖြင့် သင့်အတွက် တားဆီး ကာကွယ်ပေးမှုအတွက် ကျရှုံးရခြင်းအခြေအနေမျိုးမှ ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ အရန် ကူးယူထားရန်အတွက် ပြန်လည်သိမ်းဆည်းသည့် လုပ်ငန်းမှာ အထူးများပြားတတ်ပါသည်၊ သို့သော် ဤသို့လုပ်ဆောင်ရခြင်းသည် ပါဝင်နေသည့် သင့် အကြောင်းအရာများအားလုံး ဆုံးရှုံးသွားရခြင်းမျိုးထက် ပို၍ကောင်းမွန်လှပါသည်။

မူပိုင်ရှိသည့်အင်တာနက်ဝန်ဆာင်မှု တစ်ခုအပေါ်တွင် သင့်ဝက်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန် သင့်စာမျက်နှာများ၊ တင်ထားသောစာများနှင့် ထင်မြင်သုံးသပ်ချက်များအားလုံးကို XML ဖိုင်တစ်ခုထဲသို့ ပို့လိုက်ပါ။ ထိုသို့ပြုလုပ်ထားခြင်းသည် သင့်ဝက်ဘ်ဆိုဒ်ရှိ စာသားများကိုသာ အရန်ပြုလုပ်ပေးခြင်းမျှသာ ဖြစ်သည်။ သင်တင်ထားသည့် ဓါတ်ပုံများကဲ့သို့သော အခြားသော ပါဝင်သည့်အရာများ ဤအရန်တွင် မပါဝင်ပေ။ သင်တင်ထားသည့် ဓါတ်ပုံများအားလုံး အရန်တွင် ပါဝင်စေရန် သင့်ဆိုဒ်အား ထင်ဟပ်ပြသခြင်းပြုလုပ်ထားခြင်းသည် အလွယ်ကူဆုံးဖြစ်သည်။ (အသေးစိပ်အချက်အလက်များကို အောက်တွင် ဆွေးနွေးထားပါသည်။)

မျှဝေသုံးစွဲရသောမူပိုင်ဝက်ဘ်ဆိုဒ်စာမျက်နှာတစ်ခုကို အရန်အဖြစ်ပြန်လည်ကူးယူထားမှုကို ပြုလုပ်မည်ဆိုပါက၊ သို့မဟုတ် သင့်ကိုယ်ပိုင်ဆာဗာကို သင်ကိုယ်တိုင် ကြီးကြပ်စီိစဉ်ဆောင်ရွက်နေ သည်ဆိုပါက၊ သင့်ဝက်ဘ်ဆိုဒ်ဖြစ်လာရန်အတွက် သင်ထည့်သွင်းထားသည့် အကြောင်းအရာဖိုင် မိတ္တူ များကို ထိန်းသိမ်းထားပြီး သင့်ဝက်ဘ်ဆိုဒ်အတွင်းပါဝင်သည့် အချက်အလက်များ၏ လျပ်တစ်ပြက် ကူးယူထိန်းသိမ်း ထားရမည်ဖြစ်သည်။

အောက်ပါလမ်းညွန်ချက်များသည် အကယ်၍ Blogger, WordPress.com, Maktoob, LiveJournal, Tumblr, or Posterous တို့မှ တင်ထားသော ၀က်ဘ်ဆိုဒ်များဖြစ်ပါက တင်ထားသော စာများ၊ ထင်မြင်သုံးသပ်ချက်များကို အရန်ဖိုင်များအဖြစ်ကူးယူနိုင်ရန် အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ ၀န်ဆောင်မှုများအားလုံး ဤသို့အမြဲတစေ လွယ်ကူနိုင်မည်မဟုတ်ပါ။ ထို့အပြင် အရန် ဖိုင်များကို အသုံးအ၀င်ဆုံးသော ပုံစံအချိုးအစား format ဖြင့် အမြဲတစေ ကူးယူနိုင်မည်မဟုတ်ပါ။ တခါတရံ သင်၏ ၀က်ဘ်ဆိုဒ်တွင်ပင် ထိုကဲ့သို့သော ပြသနာ ရှိကောင်း ရှိနိုင်ပါသည်။ ထို့ကြောင့် အရန်ဖိုင်အဖြစ် ကူးယူထားခြင်းသည် ကောင်းသော စိတ်ကူးတစ် ခုဖြစ်ပြီး ၄င်းကို နောက်မှ မူလအတိုင်း ပြန်လည် လုပ်ယူနိုင်ပါသည်။

9

BloggerBlogger သည် Google က စီမံသည့် ဘလော့ဂ်ပြုလုပ် ခြင်း ၀န်ဆောင်မှုတစ်ခုဖြစ်သည်။ အရန်တစ်ခု ပြုလုပ် ရန်အတွက် ပထမဦးစွာ သင့်အကောင့်ကို log in ၀င်လိုက် ပြီး dashboard သို့ သွားပါ။ Dropdown menu တွင် Settings ကို နှိပ်ပါ။

Settings အောက်ရှိ အခြားသော စာမျက်နှာခွဲကို နှိပ်ပါ။

10

သင့်ဘလော့ဂ်ကို တင်ပို့ရန်အတွက် “Export Blog” ကို နှိပ်ပါ။ Blogger Atom ပုံစံအတွင်းသို့ တင်နိုင်အောင် Blogger က ခွင့်ပြုပြီး ၎င်းပုံစံသည် သင့်ဆိုဒ်ရှိအကြောင်း အရာများကို အခြားဘလော့ဂ်ပြုလုပ်ခြင်း ၀န်ဆောင်မှု များအတွင်း ထည့်သွင်းနိုင်အောင် လုပ်ဆောင်ပေးသည်။

Download Blog ခလုတ်ကို နှိပ်ခြင်းဖြင့် သင့်ဘလော့ဂ် ၏ XML အရန်တစ်ခုကို ဒေါင်းလုဒ် ပြုလုပ်နိုင်သည်။

11

WordPress.comWordPress.com သည် ဘလော့ဂ်ပြုလုပ်ခြင်း ၀န်ဆောင်မှုတစ်ခု ဖြစ်ပြီး Word-Press အရင်းအမြစ် ပေါ်တွင်ရှိသည်။ သင့်ဝက်ဘ်ဆိုဒ်ကို အရန်ပြုလုပ်လို ပါက log in ၀င်ပြီး dashboard ကို ဦးစွာ သွားပါ။

Navigation ခလုတ်၏ ဘယ်ဘက်ဘေးတွင် Tools ကို နှိပ်ပါ။ ပြီးနောက် pop-up menu တွင် Export ကို နှိပ်ပါ။

အချက်အလက်အားလုံးကို တင်ရန်အတွက် “All content” ကို ရွေးပါ။ ပြီးနောက် Download Export File ခလုတ်ကို နှိပ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့်

12

သင်၏ WordPress ၀က်ဘ်ဆိုဒ်ရှိ တင်ထားသောစာများ၊ စာမျက်နှာများ၊ ထင်မြင်သုံးသပ်ချက်များနှင့် အခြားအချက်အလက်များကို အရန်ပြုလုပ်ပေးမည်။ အကယ်၍ သင်သည် သင့်ဝက်ဘ်ဆိုဒ်အား Word-Press.com မှ မိမိကိုယ်ကိုယ် လက်ခံသည့် WordPress ၀က်ဘ်ဆိုဒ်တစ်ခုသို့ ရွှေ့ပြောင်းလိုပါက သင့်ဆိုဒ်တွင်ရှိသည့် အရာအားလုံးကို ရွှေ့ပြောင်းရန် အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။

MaktoobYahoo ၏ Maktoob သည် အာရပ်ကမ္ဘာ၏ ဦးဆောင် ဘလော့ဂ်ပြုလုပ်သည့် နေရာများထဲမှ တစ်ခု ဖြစ်သည်။ သင့်ဝက်ဘ်ဆိုဒ်ကိုအရန်ပြုလုပ်ရန်အတွက် ဦးစွာ log in ၀င်ပြီး dashboard သို့ သွားပါ။ သင့်ဝက်ဘ်ဆိုဒ်တွင် ရှိသည့် အကြောင်းအရာများကို စီမံရန်လုပ်ဆောင်ရန် အတွက် تايوتحملا ةرادإ ကိုနှိပ်ပါ။

ထို့နောက် တင်ပို့သည့်စာမျက်နှာသို့ သွားရန်အတွက် ريدصت ကို နှိပ်ပါ။

13

သင့်ဝက်ဘ်ဆိုဒ်ကို အရန် အဖြစ် သိမ်းဆည်းရန် အောက်ဆုံးသို့ ဆင်းကာ ليمحت

ကို နှိပ်လိုက်ပါ။ ريدصتلا فلم

သင်၏ အရန်သည် WordPress XML document ဖြစ်ပြီး Maktoob, Word-Press.com သို့မဟုတ် မိမိကိုယ်ကိုယ် လက်ခံသည့် WordPress ဆိုဒ်တစ်ခုသို့ ပြောင်းလဲပို့နိုင်သည်။

LiveJournalLiveJournal သည် သက်တမ်းအကြာမြင့်ဆုံး ဘလော့ဂ် ပြုလုပ်သည့်နေရာများမှ တစ်ခုဖြစ်သည်။ ဤဆိုဒ်သည် တစ်ကြိမ်လျှင်

14

တစ်လတာ ပြုလုပ်ထားသည့် တင်ထားသောစာများကိုသာ တင်ပို့နိုင်သည်။ အရန် ပြုလုပ်ရန်အတွက် LiveJournal အကောင့်ကို ၀င်ပါ။ ထို့နောက် သင်၏တင်ထားသောစာများကို တစ်လပြီးတစ်လ တင်ပို့ရန်အတွက် http://www.livejournal.com/export.bml သို့ သွားပါ။

”yyyy” အကွက်တွင် ခုနှစ်ကို ထည့်ပြီး “mm” အကွက်တွင် လကို ထည့်ပါ။ သင်ပြုလုပ်ခဲ့သမျှ တင်ထားသောစာများ အားလုံးကို အရန်ပြုလုပ်လိုပါက တစ်လချင်းစီ ပြုလုပ်ရပြီး သီးခြားဖိုင်များဖြင့် သိမ်းဆည်းရပါမည်။ သင်၏ အရန်များကို LiveJournal က (csv) ပုံစံဖြင့် သိမ်းပေးပြီး spreadsheet ဆော့ဖ်ဝဲများဖြစ်သည့် LiberaOffice Calc သို့မဟုတ် Microsoft Excel သို့မဟုတ် XML document ဖြင့် ပြန်ဖွင့်နိုင်သည်။LiveJournal ၏ မေးနေကျမေးခွန်းဖြစ်သည့် “ကျွန်ုပ်၏ ဂျာနယ် ရေးသားမှုများအားလုံးကို မည်သို့ download လုပ်ရမည်နည်း” က ဒေါင်းလုဒ် လုပ်၍ရသည့် client အချို့တွင် အရန်အစီအစဉ်တစ်ခု ရှိကြောင်း ထောက်ပြသည်။

TumblrTumblr သည် ရေပန်းစားသည့် ဘလော့ဂ်ပြုလုပ်ခြင်းကို လက်ခံသည့် ၀န်ဆောင်မှုတစ်ခုဖြစ်သည်။ ယခုတွင် ထိုပေါင်းကူးစနစ် စာမျက်နှာမှ သင့်ဘလော့ဂ်ကို တင်ပို့ရန် နည်းလမ်းမရှိပေ။ Tumblr က ၎င်း၏ Goodies page တွင် အရန်ကိရိယာတစ်ခုကို ပေးထားသည်။ သို့သော် ၎င်းသည် လက်ရှိတွင် Mac OS X အတွက်သာ ရနိုင်သည်။

Tumblr ဖြင့် API ပေါင်းကူးစနစ်တစ်ခုကို ၀င်နိုင်ပြီး သင့်ဝက်ဘ်ဆိုဒ်အတွက် အရန်များပြုလုပ်ပေးသည့် လမ်းညွှန်ချက် scripts များကို ပရိုဂရမ်မာများက ရေးပေး နိုင်သည်။ သို့သော် ဤသို့ ပြုလုပ်ခြင်းကို အသုံးပြုသူ အများစု၏ နည်းပညာကျွမ်းကျင်မှုဖြင့် မပြုလုပ်နိုင်ကြပေ။ သို့သော် tumblr2wp.com ကဲ့သို့သော ၀န်ဆောင်မှုများ က သင့် Tumblr ဘလော့ဂ်ကို WordPress သို့

15

ပြောင်း ရွှေ့ရန် အကူအညီပေးနိုင်သည်။

သင်၏ Tumblr ဘလော့ဂ် နယ်ပယ် domain အမည် ထည့်ပါ။ သင့် Set-tings ကိုရွေးပြီး Export ကို နှိပ်ပါ။ WordPress သို့ တင်သွင့်နိုင်သည့် XML ဖိုင်တစ်ခုကို သိမ်းဆည်းပေးပါလိမ့်မည်။ WordPress သို့ ပြောင်းရန် အစီအစဉ် မရှိသော်လည်း ဤနည်းသည် သင်၏ Tumblr ဘလော့ဂ်ကို အရန်များ ပြုလုပ်ရန်အတွက် ခိုင်မာသည့်နည်းလမ်းတစ်ခုဖြစ်သည်။

16

PosterousPosterous သည် Tumblr ကဲ့သို့ ရေပန်းစားသည့် ဘလော့ဂ်ပြုလုပ်သည့် နေရာတစ်ခုဖြစ်သည်။ သင့်အချက်အလက်များကို အရန်ပြုလုပ်ရန် နည်းလမ်းရှိပေ။ Posterous ဖြင့် API သို့ ၀င်နိုင်ပြီး သင့် ၀က်ဘ်ဆိုဒ်အတွက် အရန်များ ပြုလုပ်ပေးသည့် လမ်းညွှန်ချက် scripts များကို ပရိုဂရမ်မာများက ရေးပေး နိုင်သည်။ သို့သော် ဤသို့ ပြုလုပ်ခြင်းကို အသုံးပြုသူ အများစု၏ နည်းပညာကျွမ်းကျင်မှုဖြင့် မပြုလုပ်နိုင်ကြပေ။ သင့် Posterous ၀က်ဘ်ဆိုဒ်တွင် ပုံမှန် ထင်ဟပ်ပြသခြင်းများ ပြုလုပ်ခြင်းမှလွှဲ၍ အချက်အလက်များကို အရန်လုပ်ရန် လွယ်ကူသော နည်းလမ်းမရှိပါ။

အရန်များ - မျှဝေလက်ခံခြင်းမျှဝေလက်ခံခြင်းတွင် သင့်ဝက်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန် အတွက် ဖိုင်များနှင့် database များလိုအပ် သည်။ သင့်ဖိုင်များကို အရန်ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာတွင် ဖိုင်ကူးပြောင်းခြင်း client ကို ထည့်ထားရန် လိုအပ်သည်။ သင်၏ database ကို အရန်ပြုလုပ်ရန်အတွက် သင်သည် သင့်အား လက်ခံသူ၏ control panel ဆော့ဖ်ဝဲ ကို ၀င်နိုင်ရမည်။ မျှဝေလက်ခံခြင်း ၀န်ဆောင်မှု shared hosting services များတွင် အမျိုးမျိုးသော control panel ပေါင်းကူးစနစ် များ ရှိသည်။ အများစုက နည်းကိရိယာတစ်ခုဖြစ်သော cPanel ကို သုံးသည်။ သို့သော် မည်သည့် ပေါင်းကူးစနစ်ကိုသုံးသည်ဖြစ်စေ အရန်ပြုလုပ်ပုံ အဆင့်များသည် အဓိကအားဖြင့် အတူတူပင်ဖြစ်သည်။

ဝက်ဘ်ဆိုဒ်ဖိုင်များကို အရန်ပြုလုပ်ခြင်းသင့်ဝက်ဘ်ဆိုဒ်ဖိုင်များကို အရန်ပြုလုပ်ရန်အတွက် သင့်၏အသုံးပြုသူအမည် နှင့် စကားဝှက်တို့နှင့် ချိတ်ဆက်ရန်အတွက် လက်ခံအမည် hostname (များသောအားဖြင့်သင့် domain အမည်ဖြစ်သည့်) တစ်ခု လိုအပ်သည်။

ဖိုင်ကူးပြောင်းခြင်း တစ်ခုလည်းလိုအပ်သည်။ FileZilla သည် လည်ပတ်လုပ်ဆောင်ခြင်းစနစ်များ အားလုံးတွင် အသုံးပြုနိုင်သည့် ဖိုင်ကူးပြောင်းခြင်း အရင်းအမြစ်တစ်ခု ဖြစ်သည်။ ၀င်းဒိုး သို့မဟုတ် Mac OS X ကိုအသုံးပြုပါက FileZilla နောက်ဆုံးversion ကို ၎င်းတို့၏ ဒေါင်းလုဒ် စာမျက်နှာတွင် ဒေါင်းလုဒ် ရယူနိုင်သည်။ အကယ်၍ GNU/Linux ကို အသုံးပြုပါက သင်၏ လည်ပတ်လုပ် ဆောင်မှု စနစ်၏ package manager မှ တပ်ဆင်နိုင် သည်။

သင်၏ ၀က်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန် FileZilla ကို ဖွင့်ပါ။ တည်နေရာမန်နေဂျာ - Site Manager (ဘားပေါ်ရှိ အပေါ်ဆုံးမှ ပထမဆုံး သင်ကေတ) ကိုဖွင့်ပါ။

• တည်နေရာ အသစ်ကိုဖွင့်ကာ အမည်တစ်ခုပေးပါ။ သင့်ဆာဗာ၏ hostname ကို Host အကွက်တွင် ထည့်ပါ။ (http:// မပါသည့် သင့် ၀က်ဘ်ဆိုဒ်၏ domain အမည်ဖြစ်နိုင်သည်။) Port အကွက်ကို ကွက်လပ်ထားနိုင်သည်။

• Protocol dropdown menu ကိုနှိပ်ပြီး SFTP ကိုရွေးပါ။ SFTP ကိုသုံး၍ သင့်ကို လက်ခံသည့်ဆိုဒ်နှင့် ချိတ်ဆက်မရပါက FTP ကို ရွေးပါ။ SFTP ကိုသုံး၍ ဖိုင်ကူးပြောင်းခြင်းသည် ကုတ်နံပါတ်ဖြင့် ပြုလုပ်ထားပြီး လုံခြုံသည်။ FTP သုံး၍ ကူးပြောင်းခြင်းသည် လုံခြုံမှုမရှိပါ။ သင်၏

17

အရန် အချက်အလက်များကို FTP သုံး၍ ကူးပြောင်းခြင်းသည် အန္တရာယ်များသည့် အလားအလာရှိပြီး သင့်ဆိုဒ်အား နှောင့်ယှက်မှု (hack) ကို ခံရနိုင်သည်။

• Logon အမျိုးအစား drop-down menu ကိုနှိပ်ပြီး FileZilla က သင့်စကားဝှက်အား မှတ်မိစေလိုပါက “Normal” ကို ရွေးပါ။ သင်ချိတ်ဆက်တိုင်း စကားဝှက်ကိုရိုက်ထည့်လို ပါက “Ask for password” ကို ရွေးပါ။

• ချိတ်ဆက်ရန် အဆင်သင့်ရှိပါက ချိတ်ဆက်ရန် ကို နှိပ်ပါ။ မှတ်ချက်- အကယ်၍ SFTP ကိုသုံးပါက “Unknown Host key” အမည်မသိ host key မက်ဆေ့ခ်ျကို ပထမအကြိမ် ရရှိမည်။

“Always trust this host, add this key to cache” ကို အမှတ်ခြစ်ပြီး OK ကို နှိပ်ပါ။ ယခုမှစ၍ ထိုဒိုင်ယာလော့ဂ် ထပ်မံပေါ်မလာသင့်တော့ပါ။ ပထမဦးဆုံးအကြိမ် SFTP ဆာဗာဖြင့် ချိတ်ဆက်ချိန်များတွင် လမ်းခုလပ်မှတိုက်ခိုက်သူ (Man in the Middle Attack) ၏ ပစ်မှတ်ထားခံရခြင်းကို ခံရမည်မဟုတ်ပါ။ ထို့ကြောင့် ပထမအကြိမ်တွင် ၎င်း host key ကို ယုံကြည်ရကြောင်း ပြုလုပ်ပါ။ ထို host သို့

18

ချိတ်ဆက်နေစဉ်အတွင်း တိုက်ခိုက် နှောင့်ယှက်ခံရပါက သင် သိမ်းဆည်းထားသည့် key နှင့် ကွဲပြားကြောင်း dialogue သတိပေးချက်ကို တွေ့မြင်ရမည်။ ၎င်းကို ပထမအကြိမ် အသုံးပြုချိန်တွင် ယုံကြည်ထားခြင်း ဟု ခေါ်သည်။

ယခုတွင် သင်သည် သီးခြား ဆာဗာတစ်ခုဖြင့် ချိတ်ဆက်နေသင့်သည်။ ချိတ်ဆက်ရန် ပြဿနာ ရှိပါက Site manager ကိုထပ်ဖွင့်ပြီး settings ကို စစ်ဆေးပါ။

• ချိတ်ဆက်ပြီးလျှင် FileZillaတွင် view ကွဲပြားနေသည်ကို တွေ့ရမည်။ ဘယ်ဘက်တစ်ဝက်သည် သင့် ကွန်ပျူတာ ကို ပြသပြီး ညာဘက်တစ်ဝက်သည် သီးခြား ဆာဗာကို ပြသမည်။ သင် အရန်လုပ်၍ သိမ်းလိုသည့် ဖိုလ်ဒါကို သင့်ကွန်ပျူတာဘက်တွင် ရှာဖွေပါ။

• ပြီးနောက် သီးခြား ဆာဗာတွင် သင့်ဝက်ဘ်ဆိုဒ်၏ document rood folder ကို ရှာပါ။ ၎င်းကို “htdocs”၊ “docs”၊ public_html” သို့မဟုတ် သင့် hostname ဖြင့် ခေါ်ဆိုနိုင်သည်။ ၎င်းကို ညာခလုတ်နှိပ် (right click) ပြီး ဒေါင်းလုဒ်လုပ်ပါ။

သင့်ဝက်ဘ်ဆိုဒ်ရှိ ဖိုင်များအားလုံး၏ ကော်ပီကို သင့်ကွန်ပျူတာထဲတွင် ဒေါင်းလုဒ်လုပ်ပြီးဖြစ်မည်။

MySQL database ကို အရန်ပြုလုပ်ခြင်းအောက်ပါတို့သည် Dreamhost နှင့် Bluehost ကို အသုံးပြု၍ MySQL database ကို အရန်များပြုလုပ်ရန် လမ်းညွှန်ချက်များဖြစ်သည်။ သင်သည် အထက်ပါ shared hosting တစ်ခုခုကိုမျှ အသုံးမပြုပါကလည်း အောက်ပါ လမ်းညွှန်ချက်များကို ကိုးကား၍ MySQL အရန်များကို မည်သို့ပြုလုပ်ရမည်ကို

19

ပုံဖော်ကြည့်နိုင်ပါ သည်။ မျှဝေပေးသည့် မူပိုင်ဝက်ဘ်ဆိုဒ် အများစုတွင် da-tabase များကို စီမံနိုင်သည့် phpMyAdmin ဟုခေါ်သော ဆော့ဖ်ဝဲတစ်ခုကို တပ်ဆင်ထားပြီး ဖြစ်သည်။ သင်၏ မူပိုင်ဝက်ဘ်ဆိုဒ် ဖြင့် phpMyAdmin ကို ရရှိနိုင်ပါက အောက်ပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာ လုပ်ဆောင်နိုင်သည်။

သင်၏ ၀က်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန်အတွက် MySQL username နှင့် စကားဝှက်ကို သိရမည်။ WordPress ကို အသုံးပြုပါက ၎င်းတို့ကို wp-config.php ဖိုင်ထဲတွင် တွေ့ရှိနိုင်သည်။ Drupal ကို သုံး ပါက သင်၏ sites/default/settings.php ဖိုင်ထဲတွင် တွေ့နိုင်သည်။ အခြားသော CMS ကိုသုံးပါက MySQL username နှင့် စကားဝှက်ကို config ဖိုင်ထဲတွင် တွေ့ရှိနိုင်သည်။

Dreamhost databases ကို အရန်ပြုလုပ်ခြင်းသင်၏ Dreamhost account အကောင့်ကိုဝင်ပါ။ ပြီးနောက် Goodies menu ကို ချဲ့ပြီး MySQL databases ကို နှိပ်ပါ။

သင့်ဝက်ဘ်ဆိုဒ်ကို တည်ဆောက်ချိန်တွင် သင်သည် သင်တည်ဆောက်သည့် MySQL hostnames စာရင်းတွင် ပါဝင်မည်။ hostname နှင့်ကပ်လျှက် ရှိသည့် သင် အရန် ပြုလုပ်လိုသည့် phpMyAdmin လင့်ခ် ကို နှိပ်ပါ။

20

phpMyAdmin က tab အသစ်ကိုဖွင့်ပေးပြီး MySQL အသုံးပြုသူအမည်နှင့် စကားဝှက်ကိုသုံး၍ ၀င်ပါ။ Dreamhost တွင် site များစွာကို အရန်ပြုလုပ်ပါက သင် အရန်လုပ်လိုသည့် site တစ်ခုချင်းစီအတွက် ထိုအဆင့်ကို ထပ်ခါထပ်ခါ ပြုလုပ်ရမည်။

ဘယ်ဘက်ဘောင်ထဲရှိ သင့် database အမည်ကို နှိပ်ပါ။ ထို့နောက် အထက်ရှိ Export tab ကို နှိပ်ပါ။

21

Default settings အားလုံးကို လုံခြုံစွာ ထားနိုင်သည်။ အောက်ဆုံးရှိ Go ခလုတ်ကို မနှိပ်မှီ “zipped” ရေဒီယို ခလုတ်ကို ရွေးပြီး “ဖိုင်အဖြစ်သိမ်းဆည်းပါ”ကိုလည်း အမှတ်ခြစ် ထားပါ။ Go ကို နှိပ်ပြီးသောအခါ phpMyAdmin က သင့် database ကို ဇစ်ဖိုင်အဖြစ် ဒေါင်းလုဒ် လုပ်ပေးမည်။

သင်၏အရန်ဖိုင်ကို သိမ်းပြီးသောအခါ အရန်ပြုလုပ်သည့် နေ့စွဲထည့်ရန်အတွက်

ဖိုင်အမည်ကို အသစ်ပေးနိုင်သည်။

22

BlueHost databases များကို အရန် ပြုလုပ်ခြင်းhttps://my.bluehost.com/cgi/account/cpanel တွင် သင်၏ Blue-Host အကောင့်ကို ၀င်ပါ။ screen ၏ ဘယ်ဘက်အထက်ရှိ cPanel tab ကို နှိပ်ပါ။ cPanel သည် ရေပန်းစားသည့် shared hosting control panel ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အမျိုးမျိုးသော မူပိုင်ဝက်ဘ်ဆိုဒ် များက ဤသို့ တစ်ပုံစံတည်း တူညီသော ဆော့ဖ်ဝဲကို အသုံးပြုကြသည်။ ထို့ကြောင့် အောက်ပါ လမ်းညွှန်ချက်များသည်လည်း အသုံးတည့်နိုင်ပါသည်။

Databases အပိုင်းထိရောက်အောင် အောက်သို့ရွှေ့ပါ။ phpMyAdmin ကိုနှိပ်ပါ။

MySQL username နှင့်စကားဝှက်ကိုသုံး၍ ၀င်ပါ။

23

ဘယ်ဘက်ဘောင်ထဲရှိသင်၏ database အမည်ကို နှိပ်ပါ။ ပြီးနောက် မျက်နှာပြင်၏ အထက်ရှိ Export tab ကို နှိပ်ပါ။

“Quick” ရှိ Export Method နှင့် SQL ရှိ Format တို့ကို လုံခြုံစွာ ထားနိုင်သည်။ သင်၏ database အရန်ကို ဒေါင်းလုဒ် လုပ်ရန် Go ကို နှိပ်ပါ။

သင်၏အရန်ဖိုင်ကို သိမ်းပြီးသောအခါ အရန်ပြုလုပ်သည့် နေ့စွဲထည့်ရန်အတွက် ဖိုင်အမည်ကို အသစ်ပေးနိုင်သည်။

24

ထင်ဟပ်ပြသမှုများသင့်ဝက်ဘ်ဆိုဒ်ကို ထင်ဟပ်ပြသမှုတစ်ခုပြုလုပ်ခြင်းသည် အရန် ပြုလုပ်ခြင်းနှင့် မတူပါ။ သင့်ဝက်ဘ်ဆိုဒ်ကို ထင်ဟပ်ပြသမှု ပြုလုပ်သောအခါ သင့်ဝက်ဘ်ဆိုဒ်တွင်ရှိသည့် (ပုံများ၊ CCS နှင့် JavaScript ဖိုင်များ) မရွေ့သော HTML version များကို copy ဒေါင်းလုဒ်လုပ်ထားပါ။ သင့်အတွက် ထိုထင်ဟပ်ပြသမှုကိုလက်ခံရန် အလွယ်တကူ လူများ ရရှိနိုင်သည်။ အရန်ပြုလုပ်ခြင်းနှင့်မတူဘဲ သင့် ၀က်ဘ်ဆိုဒ်နှင့် ပုံတူနေမည်။ သို့သော် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသခြင်း သည် တိကျသော ကော်ပီမဟုတ်ပေ။ ၎င်းသည် မပြောင်းမရွေ့သော ကော်ပီတစ်ခုသာဖြစ်သည်။ ဆိုလိုခြင်းမှာ log in ၀င်ခြင်း၊ တင်ထားသောစာများတည်းဖြတ်ခြင်း၊ ထင်မြင်သုံးသပ်ချက်များတင်ခြင်းတို့ကို မပြုလုပ်နိုင်ပေ။

သင်ဖန်တီးသည့် ထင်ဟပ်ပြသမှုကို မူပိုင်ဖန်တီးထား သော မည်သည့် ဆာဗာ၌မဆို သင့် မူပိုင် ပြုလုပ်နိုင်ပါ သည်၊ သို့သော် အလျင်မြန်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတစ်ခုမှာ ယင်းကို လွတ်လပ်အချုပ်အချယ် ကင်းသော မူပိုင်ဆာဗာပေါ်များ ဖြစ်သည့် ဘလော့ဂါ သို့မဟုတ် ဝေါ့ပရက် များအပေါ်၌ မူပိုင်ဖန်တီးလုပ်ရန် အကောင်းဆုံးဖြစ်ပါသည်။

ဝက်ဘ်ဆိုဒ်တစ်ခုကို ထင်ဟပ်ပြသမှုပြုလုပ်ချိန်တွင် ၀က်ဘ်ဆိုဒ် ပေါ်ရှိ စာမျက်နှာတိုင်းကို ဒေါင်းလုဒ် လုပ်ရမည်။ ၀က်ဘ် ဆိုဒ်ကြီးများအတွက် ၀က်ဘ်ဆာဗာသို့ request ပေါင်း မြောက်မြားစွာပြုလုပ်ရပြီး အချိန်နှင့် bandwidth များစွာလိုအပ်မည်။ ၀က်ဘ်ဆိုဒ်ငယ်များအတွက် အတော် မြန်မြန်ပြီးမြောက်နိုင်သည်။

GNU wget သည် ၀က်ဘ်ဆိုဒ်များကို ထင်ဟပ်ပြသမှု ပြုလုပ်ရန် အတွက် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်သည်။ အမိန့်ပေးလိုင်းပရိုဂရမ် ဖြစ်သော်လည်း သုံးရန်လွယ်ကူ သည်။ လည်ပတ်စနစ်ကြီးများအားလုံးတွင် ရရှိနိုင်သည်။ သင် ပြုလုပ်ရမည့် အမိန့်ပေးခြင်းမှာ

wget -mkxKE -e robots=off http://www.example.org/နှင့် တူညီသည်။

သင့်ဝက်ဘ်ဆိုဒ်၏ URL နှင့် ကို http://www.example.org/ ပြောင်းရမည်။ wget ရွေးစရာအားလုံး (“-mkxKE -e robots=off”) သည် ထင်ဟပ်ပြသမှုပြုလုပ်ရန်အတွက် အသင့်တော်ဆုံး settings များဖြစ်ကြသည်။ wget နှင့်သုံးနိုင်သည့် ရွေးချယ်စရာ စာရင်းအပြည့်အစုံကို http://man.cx/wget တွင် တွေ့နိုင်သည်။

သင် ဖွင့်လှစ်လည်ပတ်သည့် ဖိုလ်ဒါထဲတွင် wget က ထင်ဟပ်ပြသမှုကို သိမ်းဆည်းပေးမည်။ ဥပမာ - အကယ်၍ သင်၏ desktop မှ wget ကို ဖွင့်၍လည်ပတ်ပြီး www.gnu.org ၏ ထင်ဟပ်ပြသမှု တစ်ခုကိုပြုလုပ်လျှင် ထင်ဟပ်ပြသမှု ထဲရှိ ဖိုင်များအားလုံး ပါသည့် ဖိုလ်ဒါတစ်ခု desktop ပေါ်တွင် ဖန်တီးပေးမည်။ ၀က်ဘ်ရှာဖွေသည့်အရာဖြင့် HTML ဖိုင်များကို ဖွင့်နိုင်သည်။ ပင်မစာမျက်နှာသည် index.html ဟူ၍ ဖြစ်မည်။

အမျိုးမျိုးသော လည်ပတ်မှုစနစ်များတွင် wget ကို အသုံးပြုနည်းအတွက် ပို၍ အသေးစိတ်ဖြစ်သော လမ်းညွှန်ချက်များကို အောက်တွင် ဖော်ပြထားသည်။

25

Microsoft ၀င်းဒိုးဝင်းဒိုးများအတွက် wget ကို http://gnuwin32.sourceforge.net/packages/wget.htm တွင် ဒေါင်းလုဒ်ယူနိုင်သည်။ “Complete package, except sources” ကို ဒေါင်းလုဒ်ယူပြီး ၎င်းကို သင့် ကွန်ပျူတာတွင် တပ်ဆင်ပါ။

ဝင်းဒိုးတွင် wget ကို ဖွင့်၍လည်ပတ်ရန်အတွက် အမိန့်ပေးခြင်းအထောက်အမ ကို ဖွင့်ရမည်။ ၀င်းဒိုးအမျိုးမျိုးပေါ်မူတည်၍ အမိန့်ပေးခြင်းအထောက်အမ တစ်ခုဖွင့်ပုံ ကွဲပြားသည်။ သို့သော် ယေဘူယျအားဖြင့် Programs > Accessories > Command Prompt တွင် တွေ့နိုင်သည်။ အောက်ပါ ပုံသည် Windows 7 ၏ မျက်နှာပြင်ပုံဖြစ်သည်။

သင့် user ပင်မဖိုလ်ဒါတွင် စတင်ပါ။ Windows 7 တွင် “C:\Users\username.” ဖြစ်ပြီး Windows XP တွင် “C:\Documents and Settings\username” ဖြစ်သည်။ “cd Desktop” ဟိုရိုက်ပြီး Desktop ဖိုလ်ဒါသို့ ပြောင်းရန် Enter ခလုတ်ကိုနှိပ်ပါ။ ဤနည်းဖြင့် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသမှုကို ဖန်တီးလျှင် သင့်

26

ကွန်ပျူတာမျက်နှာပြင် ပေါ်တွင် သိမ်းဆည်းပေးမည်ဖြစ်သည်။

အောက်ဖော်ပြပါကို ရိုက်ပါ။

“C:\Program Files\GnuWin32\bin\wget.exe” -mkxKE -e

robots=off http://www.example.com

ဤဥပမာတွင် “C:\Program Files\GnuWin32\bin\wget.exe” သည် wget ကို တပ်ဆင်သည့် တည်နေရာဖြစ်သည်။ ထိုသို့မဖြစ်ပါက သင်သည် wget ကို အခြားနေရာတွင် တပ်ဆင်ထား၍ ဖြစ်သည်။ “C:\Program Files\GnuWin32\bin\wget.exe” အစား သင် wget ကို တပ်ဆင်ထားသည့် တည်နေရာကို ရွေးချယ်ပါ။

wget အစား GUI ကို ပြောင်းလဲလိုပါက HTTrack ကို သုံးနိုင်သည်။

Mac OS Xအကယ်၍ သင်သည် Mac OS X Snow Leopard သို့မဟုတ် Lion ကိုသုံးပါက Rudix သိုလှောင်ရုံမှ wget ကို ဒေါင်းလုဒ်ယူနိုင်သည်။ wget အတွက် Mac OS X တပ်ဆင်သည့်အရာ (.pkg file) ကို https://code.google.com/p/rudix/wiki/wget မှ တိုက် ရိုက် ဒေါင်းလုဒ်ယူနိုင်သည်။

Terminal ၀င်းဒိုးကို ဖွင့်ပါ။ Terminal application ကို Applications > Utilities > Terminal တွင် သို့မဟုတ် “terminal” အတွက် Spotlight ကိုရှာဖွေခြင်းဖြင့် တွေ့ရှိနိုင်ပါသည်။ Mac OS X တွင် terminal ကို ဖွင့်သောအခါ သင့် ပင်မဖိုလ်ဒါရှိ “/Users/username” တွင်စတင်ပါ။ “cd Desktop” ကို ရိုက်ကာ သင်၏ Desktop ဖိုလ်ဒါထဲသို့ ရွှေ့ရန် Enter ခလုတ်ကို နှိပ်ပါ။ ဤနည်းဖြင့် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသမှုကို ဖန်တီးလျှင် သင့d်esktop ပေါ်တွင် သိမ်းဆည်းပေးမည်ဖြစ်သည်။ ဤသည်မှာ http://www.example.org: ကို ထင်ဟပ်ပြသမှု ပြုလုပ်ထားသည့် ပုံဖြစ်သည်။

GNU/Linuxwget သည် GNU စီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် ဖြန့်ချိသည့် GNU/Linux အားလုံးသည် wget တပ်ဆင်ပြီး ဖြစ်သင့်သည်။ အကယ်၍ တပ်ဆင် ထားခြင်းမရှိသေးပါက သင်၏ package manager မှ တပ်ဆင်နိုင်သည်။ ဤသည်မှာ http://www.example.org: ကို ထင်ဟပ်ပြသမှု

27

ပြုလုပ်ရန် အမိန့်ပေးခိုင်းစေမှုများကို ရိုက်နှိပ်ထားသည့် ပုံဖြစ်သည်။

30

31

သင့်ဆိုဒ်အား အမြဲ

သက်ဝင်လှုပ်ရှားစေပါ။

top related