icj myanmar nhri presser 12 nov burmese · 2019-11-12 · အဓိပ္ပာယ်ဖွင့်...

2
အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်မားကော်မရှင မန်မာအမိးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ခက်ခင်းအကောင်ထည်ဖော်နိုင် သာပြပြင်ပြောင်းလရေး အစီအစဉ်လေးရပ် ၂၀၁၉ ခုနှစ်နုင်ဘာလ ၁၂ ရက် မန်မာအစိုးရသည် မန်မာအမိးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)မှ နိုင်ငံအတွင်းရှလူသားအားလုံး၏ လူ့အခွင့်အရေးမားကိပိုမိုအကာအကွယ်ပေးပြီးမြှင့်တင်နိုင်ဖိ့ရန် အခြေခံဥပဒေနှင့ပဌာန်းဥပဒေအရ အာမခံခက်မားကိရးဆွပြဌာန်းသင့်ကြောင်း ICJ အစီရင်ခံစာမှ ဆိုသည်။ မန်မာအမိးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ခက်ခင်းအကောင်ထည်ဖော် နိုင်သော ပပြင်ပြောင်းလရေး အစီအစဉ်လေးရပ် အမည်ရှိအစီရင်ခံစာသည် လူ့အခွင့်အရေးခိးဖောက်မှုမား (အခိ့သောပညာရှင်မားမှ နိုင်ငံတကာဥပဒေအရ အလွန်ဆိုးဝါးသောရာဇဝတ်မှုမားပါ ပါဝင်သည်ဟုဆိ) ကိုဖြေရှင်းနေသည့MNHRC စွမ်းဆောင်ရည်ကိလ့လာသုံးသပ်ထားပါသည်။ အစီရင်ခံစာကိအင်္ဂလိ ပ် ဘာသာအပြင် မန်မာဘာသာဖစ်ပါ ဖတ်ရှုနိုင်ပါသည်။ ပိုမိုအရည်အခင်းရှိပြီး လူထုကိုပိုမိုကိုယ်စားပြနိုင်မည့က်ာမရှင်အဖွ့ဝင်မား ရွးခယ်ခန့်အပ်နိုင်ဖိ့ရန်နှင့က်ာမရှင်အား လွတ်လပ်မှုနှင့လိုအပ်သည့်အထောက်အပံ့မားပေးအပ်နိုင်ဖိ့ရန် ဒီခပ်ပါတီဦးဆောင်သော အစိုးရအဖွ့သည် MNHRC ဥပဒေကိုစောလင်စွာပြင်ဆင်သင့်ပါတယ်။ ဒီ ပပြင်ပြောင်းလရေးဟာ ဒီခပ် အစိုးရအတွက် လုပ်ဆောင်ပါက အာင်မြင်နိုင်ရန် အလားအလားမားစွာရှိပြီး လုပ်သင့တာလည်းကြာပါပြီ အပြည်ပြည်ဆိုင်ရာဥပဒေ ပညာရှင်မားအဖွ့ (ICJ) ဥပဒေအကြံပေး ရှာင်ဘိန်းမှ ပာကြားသည်။ တခိန်ထမှာလည်း က်ာမရှင်အဖွ့ဝင်မားဟာ လူ့အဖွ့အစည်းအတွင်းရှအားအနည်းဆုံးသောသူမား၏ အခွင့်အရေးမားကိကာကွယ်မြှင့်တင်ခြင်းအပါအဝင် က်ာမရှင်၏လုပ်ပိုင်ခွင့်တာဝန်နှင့်အာဏာမားကိအစွမ်းကုန် ကင့်သုံးဆောင်ရွက်သင့ပါတယ် ဟူရှောင်ဘိန်းမှ ထပ်လောင်းပြောကြားသည်။ ၂၀၁၈ ခုနှစ်တွင် ဆာင်ရွက်ခ့သော ဌာနတွင်းသုံးသပ်မှုနှင့အစိုးရအားတင်ပြထားသော ပပြင်ပြောင်းလမှု အဆိုပြခက်မားတွင် MNHRC ကိုယ်တိုင် ဥပဒေအားပြင်ဆင်ဖိ့ရန်လိုအပ်ကြောင်း အသိမှတ်ပြထားပါသည်။ မည်သည့်ဥပဒေပြင်ဆင်ရေးလုပ်ငန်းမဆိပညာရှင်မားနှင့အမားပြည်သူမှ အကြံပြတင်ပြနိုင်အောင် ပည်သူ လူထုနှင့တွ့ဆုံဆွေးနွေးမှုမား ရှိသင့်ပါသည်။ “MNHRC ဟာ စာနယ်ဇင်းတွင် ဖ်ာပြပါရှိသောလူ့အခွင့်အရေးခိးဖောက်မှုမား (နယ်စပ်ဒေသရှစစ်သား မားရ့ ရာဇဝတ်မှုမားမှအစ သတင်းမီဒီယာမားကိပုံမှန်တိုက်ခိုက်နေမှုမားအဆုံး) ကိယဘုယအားဖြင့အရေးယူ ဆာင်ရွက်ဖိ့ရန် ပက်ကွက်လက်ရှိပြီး ကးလွန်မှုကိုခံခ့ရသူမားအား တစုံတရာပြန်လည်ကုစား ပးဖိ့ရန် အားထား၍မရဖြစ်နေပါတယ် ဟု ICJ ဥပဒေအကြံပေး ရှာင်ဘိန်းမှ ပာကြားသည်။ “MNHRCမှ အရေးကြီးသောအမှုကိစ္စမားတွင် အမြလိုလိုဝင်ရောက်ဆောင်ရွက်ခြင်းမရှိခြင်းသည် က်ာမရှင် တွင် နိုင်ငံတော်အဖွ့အစည်းမား အထူးသဖြင့စစ်တပ်ကိထိပ်တိုက်တွေ့ဖိ့ရန် လုံလောက်သည့လွတ်လပ်မှု မရှိနေကြောင်းကိပသလက်ရှပါတယ် ဟုရှောင်ဘိန်းမှ ပာကြားသည်။ ထင်ရှားသည့်အမှုတစ်ခုမှ စစ်တပ်၏ဖမ်းဆီးထိန်းသိ မ်းမှုခံခ့ရပြီး အသက်သေဆုံးခ့ရသော သတင်းထောက် ကိုပါကြီးအတွက် တရားမျှတမှုရရှိအောင် က်ာမရှင်မှ ဆက်လက် ဆာင်ရွက်ပေးဖိ့ရန် တု့ဆိုင်းခ့ ခင်း ဖစ် ပါ သည်။ အမားပြည်သူလေ့လာနိုင်သော ရာဇဝတ်မှုစစ်ဆေးစီရင်မှုမိးဖြစ်သင့်သည်ဟု MNHRC မှ လ့လာ တင်ပြခ့သော်လည်း ကိုပါကြီးကိသတ်ဖြတ်ခ့သူမားကိစစ်ခုံရုံးတွင် တိတ်တဆိတ် ကြားနာစစ်ဆေးပြီး ကွင်းလုံးကျွတ်လွှတ်ပေးခ့ပါသည်။ ထိ့အပြင် က်ာမရှင်အဖွ့ဝင်မားသည် တပ်မတော်သားမားမှ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးမားတွင် ရိုဟင်ဂာမားအပေါ် ကးလွန်ခ့သော ဆိုးဝါးသောလူ့အခွင့်အရေး ခိးဖောက်မှုမားအတွက် ထင်ရှားစွာ အသံတိတ်နေခ့ပါသည်။ လူ့အခွင့်အရးခိးဖောက်သည်ဟူ စွပ်ဆွသောအမှုမားကိက်ာမရှင်သည် ၂၀၁၄ MNHRC ဥပဒေပါ ပုဒ်မ ၃၇ အရ ဝင်ရောက်ဆောင်ရွက်ခ့ခြင်းမရကြာင်း ထာက်ပြထားပါသည်။ ဤပြဌာန်းခက်ကိုကဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့မှတ်ယူထားခြင်းသည် MNHRC အနေဖြင့တရားရုံးတွင်စစ်ဆေးလက်ရှိသောအမှုမားကိစုံစမ်း စစ်ဆေးခွင့မရှိဖြစ်နေပါသည်။

Upload: others

Post on 20-Jan-2020

11 views

Category:

Documents


0 download

TRANSCRIPT

Page 1: ICJ Myanmar NHRI Presser 12 Nov Burmese · 2019-11-12 · အဓိပ္ပာယ်ဖွင့် မှတ်ယူထားခြင်းသည် mnhrc အနေဖြင့်

အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင

မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ချက်ချင်းအကောင်ထည်ဖော်နိုင် သောပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ။်

၂၀၁၉ ခုနှစ်နုဝိင်ဘာလ ၁၂ ရက်

မြန်မာအစိုးရသည် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)မှနိုင်ငံအတွင်းရှိလူသားအားလုံး၏ လူ့အခွင့်အရေးများကို ပိုမိုအကာအကွယ်ပေးပြီးမြှင့်တင်နိုင်ဖို့ရန် အခြေခံဥပဒေနှင့် ပြဌာန်းဥပဒေအရ အာမခံချက်များကို ရေးဆွဲပြဌာန်းသင့်ကြောင်း ICJ ၏ အစီရင်ခံစာမှဆိုသည်။

“မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ချက်ချင်းအကောင်ထည်ဖော် နိုင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ”် အမည်ရှိအစီရင်ခံစာသည် လူ့အခွင့်အရေးချိုးဖောက်မှုများ (အချို့သောပညာရှင်များမှ နိုင်ငံတကာဥပဒေအရ အလွန်ဆိုးဝါးသောရာဇဝတ်မှုများပါ ပါဝင်သည်ဟုဆို) ကိုဖြေရှင်းနေသည့် MNHRC ၏ စွမ်းဆောင်ရည်ကို လေ့လာသုံးသပ်ထားပါသည်။ အစီရင်ခံစာကိုအင်္ဂလိပ်ဘာသာအပြင်မြန်မာဘာသာအဖြစ်ပါ ဖတ်ရှုနိုင်ပါသည်။

“ပိုမိုအရည်အချင်းရှိပြီး လူထုကိုပိုမိုကိုယ်စားပြုနိုင်မည့် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်နိုင်ဖို့ရန်နှင့်ကော်မရှင်အား လွတ်လပ်မှုနှင့် လိုအပ်သည့်အထောက်အပံ့များပေးအပ်နိုင်ဖို့ရန် ဒီချုပ်ပါတီဦးဆောင်သော အစိုးရအဖွဲ့သည် MNHRC ဥပဒေကိုစောလျင်စွာပြင်ဆင်သင့်ပါတယ်။ ဒြီပုပြင်ပြောင်းလဲရေးဟာ ဒီချုပ်အစိုးရအတွက် လုပ်ဆောင်ပါက အောင်မြင်နိုင်ရန်အလားအလားများစွာရှိပြီး လုပ်သင့်တာလည်းကြာပါပြ”ီ ဟု အပြည်ပြည်ဆိုင်ရာဥပဒေ ပညာရှင်များအဖွဲ့ (ICJ) ၏ ဥပဒေအကြံပေး ရှောင်ဘိန်းမှပြောကြားသည်။

“တချိန်ထဲမှာလည်း ကော်မရှင်အဖွဲ့ဝင်များဟာ လူ့အဖွဲ့အစည်းအတွင်းရှိ အားအနည်းဆုံးသောသူများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ခြင်းအပါအဝင် ကော်မရှင်၏လုပ်ပိုင်ခွင့်တာဝန်နှင့်အာဏာများကိုအစွမ်းကုန် ကျင့်သုံးဆောင်ရွက်သင့ပ်ါတယ်” ဟူရှောင်ဘိန်းမှထပ်လောင်းပြောကြားသည်။

၂၀၁၈ ခုနှစ်တွင်ဆောင်ရွက်ခဲ့သော ဌာနတွင်းသုံးသပ်မှုနှင့်အစိုးရအားတင်ပြထားသော ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်များတွင် MNHRC ကိုယ်တိုင် ဥပဒေအားပြင်ဆင်ဖို့ရန်လိုအပ်ကြောင်း အသိမှတ်ပြုထားပါသည်။ မည်သည့်ဥပဒေပြင်ဆင်ရေးလုပ်ငန်းမဆို ပညာရှင်များနှင့်အများပြည်သူမှ အကြံပြုတင်ပြနိုင်အောင် ပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိသင့်ပါသည်။

“MNHRC ဟာ စာနယ်ဇင်းတွင် ဖော်ပြပါရှိသောလူ့အခွင့်အရေးချိုးဖောက်မှုများ (နယ်စပ်ဒေသရှိ စစ်သား များရဲ့ ရာဇဝတ်မှုများမှအစ သတင်းမီဒီယာများကို ပုံမှန်တိုက်ခိုက်နေမှုများအဆုံး) ကို ယေဘုယျအားဖြင့် အရေးယူ ဆောင်ရွက်ဖို့ရန် ပျက်ကွက်လျက်ရှိပြီး ကျူးလွန်မှုကိုခံခဲ့ရသူများအား တစုံတရာပြန်လည်ကုစား ပေးဖို့ရန် အားထား၍မရဖြစ်နေပါတယ်” ဟု ICJ ၏ ဥပဒေအကြံပေး ရှောင်ဘိန်းမှ ပြောကြားသည်။ “MNHRCမှအရေးကြီးသောအမှုကိစ္စများတွင် အမြဲလိုလိုဝင်ရောက်ဆောင်ရွက်ခြင်းမရှိခြင်းသည် ကော်မရှင်တွင်နိုင်ငံတော်အဖွဲ့အစည်းများ အထူးသဖြင့် စစ်တပ်ကို ထိပ်တိုက်တွေ့ဖို့ရန် လုံလောက်သည့် လွတ်လပ်မှု မရှိနေကြောင်းကိုပြသလျက်ရှိပါတယ်” ဟုရှောင်ဘိန်းမှပြောကြားသည်။

ထင်ရှားသည့်အမှုတစ်ခုမှ စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး အသက်သေဆုံးခဲ့ရသော သတင်းထောက် ကိုပါကြီးအတွက် တရားမျှတမှုရရှိအောင်ကော်မရှင်မှဆက်လက်ဆောင်ရွက်ပေးဖို့ရန်တုံ့ဆိုင်းခဲ့ခြင်း ဖြစပ်ါ သည်။ အများပြည်သူလေ့လာနိုင်သော ရာဇဝတ်မှုစစ်ဆေးစီရင်မှုမျိုးဖြစ်သင့်သည်ဟု MNHRC မှ လေ့လာ တင်ပြခဲ့သော်လည်း ကိုပါကြီးကို သတ်ဖြတ်ခဲ့သူများကို စစ်ခုံရုံးတွင် တိတ်တဆိတ်ကြားနာစစ်ဆေးပြီး ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါသည်။ ထို့အပြင် ကော်မရှင်အဖွဲ့ဝင်များသည် တပ်မတော်သားများမှ “နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေး” များတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထင်ရှားစွာ အသံတိတ်နေခဲ့ပါသည်။

လူ့အခွင့်အရးချိုးဖောက်သည်ဟူ စွပ်ဆွဲသောအမှုများကိုကော်မရှင်သည် ၂၀၁၄ MNHRC ဥပဒေပါ ပုဒ်မ ၃၇ အရ ဝင်ရောက်ဆောင်ရွက်ဲခ့ခြင်းမရှိကြောင်း ထောက်ပြထားပါသည်။ ဤပြဌာန်းချက်ကိုကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်မှတ်ယူထားခြင်းသည် MNHRC အနေဖြင့်တရားရုံးတွင်စစ်ဆေးလျက်ရှိသောအမှုများကို စုံစမ်း စစ်ဆေးခွင့်မရှိဖြစ်နေပါသည်။

Page 2: ICJ Myanmar NHRI Presser 12 Nov Burmese · 2019-11-12 · အဓိပ္ပာယ်ဖွင့် မှတ်ယူထားခြင်းသည် mnhrc အနေဖြင့်

ထို့အပြင် ကော်မရှင်အဖွဲ့ဝင်များသည်မြန်မာနိုင်ငံ၏ လူမျိုး၊ ဘာသာ၊ ဒေသ နှင့်ကျား၊မ မတူကွဲပြားမှုများ ကို ထပ်ဟပ်မှု မရှိပေ။ ယင်းကဲ့သို့ပုံစံသည် အထူးသဖြင့် နယ်စပ်ဒေသများတွင် အများဆုံးဖြစ်လေ့ရှိသော လက်နက်ကိုင် ပဋိပက္ခနှင့်ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှိပ်စက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်စွမ်းရည်ကို အားနည်းစေပါသည်။

၂၀၁၄ MNHRC ဥပဒေကို ပြင်ဆင်ဖို့ရန်လိုအပ်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေအရ အာမခံချက်ပေးမှုသည် ကော်မရှင်၏စနစ်အရ သီးခြားလွတ်လပ်မှုကို အားကောင်းလာစေမည်ဖြစ်သည်။

“သာမန် ပြဌာန်းဥပဒေနငှ့်စာလျှင် အခြေခံဥပဒေပြဌာန်းချက်သည် ပြင်ဆင်ဖို့ရန်ပိုမိုခက်ခဲသည့်အတွက် MNHRC ၏ နိုင်ငံရေးအရ အားနည်းမှုကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ICJ ၏ ဥပဒေအကြံပေး ဂျန်နီဒိုမီနိုမှပြောကြားသည်။

“ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး အကူးအပြောင်းကာလများတွင် အခြေခံဥပဒေပြဌာန်းချက်များဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည့် အရှေ့တီမော်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသား အဆင့် အဖွဲ့အစည်းများ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံအနေဖြင့်လေ့လာနိုင်ပါတယ်” ဟူ ဂျန်နီဒိုမီနိုမှပြောကြားသည်။

ချက်ချင်းအကောင်ထည်ဖော်နိုင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ်ကို မြန်မာအစိုးရအား အကြံပြု တင်ပြ ထားပါသည်။

(၁) ပြည်ထောင်စုသမ္မတ နှင့် စီစစ်ရွေးချယ်ရေးအဖွဲ့သည်လူ့အခွင့်အရေးများကို ထိရောက်စွာ ကာကွယ် နိုင်ဖို့ရန်နှင့် မြန်မာ့လူဦးရေ၏ မတူကွဲပြားမှု (လူမျိုး၊ ဘာသာ၊ ဒေသ၊ ကျား၊မ နှင့်လိင်တိမ်းညွှတ်မှုအမှတ် သညာများ အပါအဝင)် အတိုင်းအတာတစ်ခုအထိ ကော်မရှင်အဖွဲ့ဝင်များမှ ထင်ဟပ်နိုင်ဖို့ရန်အတွက်ပွင့လ်င်းမြင်သာပြီး ညှိနှိုင်းတိုင်ပင်သည့် လုပ်ငန်းစဉ်ဖြင့် ကော်မရှင်အဖွဲ့အဝင်များကို ရွေးချယ်ခန့်အပ်သင့်ပါသည်။

(၂) ကော်မရှငအ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကိုဖြန့်ကျက်ပြီး ကျယ်ပြန့်စွာ အဓိပွာယ်ဖွင့်ဆိုဖို့ရန်လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အဆိုးဝါးဆုံးသော ချိုးဖောက်မှုများ (နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများ နှင့်တရားရုံးသို့ရောက်ရှိခဲ့ပြီးဖြစ်သည့် လူ့အခွင့်အရေးအမှုအချို့တို့ အပါအဝင)် ကိုဖြေရှင်း ဆောင်ရွက်နိုင်ရန်ရှေ့တိုးဆောင်ရွက်ခြင်းတို့ လည်း ပါဝင်ပါသည်။

(၃) MNHRC ၏ စွမ်းဆောင်ရည်နှင့် သီးခြားလွတ်လပ်မှုတို့ကို မြှင့်တင်ပြီး ကောင်မရှင်အဖွဲ့အစည်းများ ရွေးချယ်ခံအပ်မှု လုပ်ငန်းစဥကို ပိုမိုကောင်းမွန်လာစေမည့်အချက်များကို ဥပဒေထဲတွင်ထည့်သွင်း ပြဌာန်း နိုင်ဖို့ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှမ်းမိုးသည့် လွှတ်တော်သည် ၂၀၁၄ ခုနှစ်လူ့အခွင့်အရေး ကော်မရှင်ဥပဒေကိုပြင်ဆင်သင့်ပါသည်။

(၄) ကော်မရှင်၏ သီးခြားလွတ်လပ်မှုကို ရာသက်ပန် အကာအကွယ်ပေးနိုင်ဖို့ရန်နှင့် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ယင်းအဆင့်အတန်းကို တဖက်သတ် ပြင်ဆင်လို့မရစေရန် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း၏ တစိတ်တဒေသအနေဖြင့် MNHRC အား အခြေခံဥပဒေထဲတွင်ထည့်သွင်းပြဌာန်း ဖွဲ့စည်းနိုင်ဖို့ရန်အတွက်လိုအပ်သည့် ပြင်ဆင်ချက်များကို အဆိုပြု သင့်ပါသည်။

https://icj.org/country/asia-pacific/southeast-asia/myanmar/

ဆက်သွယ်ရန်

ဒေါ်နှင်းဝင်းအောင်- ICJ ဥပဒေအကြံပေး [email protected], ၀၉၄၂၈၁၂၂၇၉၄

ဂျန်ဒိုမီုနို- ICJ ဥပဒေအကြံပေး [email protected], ၀၉၉၆၈၁၃၄၃၁၇

အခြားဆက်စပ်သောအစီရင်ခံစာများ

မြန်မာနိုင်ငံ - သတင်းသမားကိုပါကြီးအသတ်ခံရမှု ၅ နှစ်ကြာသည့်အထိ တရားမျှတမှုမရရှိသေး။ https://www.icj.org/wp-content/uploads/2019/10/Myanmar-Ko-Par-Gyi-killing-Press-Releases-2019-BUR.pdf

မြန်မာနိုင်ငံတွင်ဆိုးဝါးသောလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရယူခြင်း - အခြေပြု စံထား တိုင်းတာလေ့လာမှု။ https://www.icj.org/wp-content/uploads/2018/01/Myanmar-GRA-Baseline-Study-Publications-Reports-Thematic-reports-2018-BUR.pdf